Poem..!
နင့်အပြုံးအောက်မှာ
ပြေးလွှားနေတဲ့
ငါ့နှလုံးသား
မောဟိုက်တယ်ဆိုတာမရှိ
မြေပြင် ကြွေမကျခင်
ငါသိမ်းထားပါရစေ..
၂ ယောက် စာမဟုတ်ဘူး
၁ ယောက်ထဲအတွက်ဆိုရင်
ငါ့နှလုံးသားထဲမှာ
မင်းအတွက် ချစ်လက်ဆောင်ရှိတယ်...
စုတ်ပျက်သတ်နေတဲ့ မင်းမျက်ဝန်းတွေကြောင့်
ငါ့နှလုံးသားကို မထိခိုက်စေချင်ဘူး
တခါတလေ
သူဖတ်ဖို့ကဗျာရေးရင်း
ငါ့လက်မှာ မျက်ရည်မိုးတွေ ရွာခဲ့တယ
ငါ့ရှေ့ကဖြတ်လျောက်သွားတဲ့
မင်းအလှက
ငါ့နှလုံးသားကို
နင်းခြေသွားသလိုပဲ

သိချင်မှ သိလိမ့်မယ်
.............................
အချစ်တွေ ပေါများနေတဲ့
ခေတ်ကြီးထဲမှာ
ငါ မင်းကို ချစ်တယ်လို့ပြောရင်
မင်း အမှတ်ရပေးပါ့မလား...
နေရာတိုင်း လမ်းမတိုင်း
လွမ်းငွေ့တွေ သန်းနေလို့
ငါလဲ မင်းကိုလွမ်းနေတယ်လို့ပြောရင်
မင်း ယုံလွယ်ပေးပါ့မလား...
ငါဖွင့်မပြောတော့ပါဘူး...
ဆန့်ကျင်ဘက် လားရာဘက်သို့
ပစ်လွှတ်လိုက်တဲ့ မြှားနှစ်ဆင်းလိုပဲ
ဦးတည်ချက်မတူညီပေမဲ့
အချိန်တန်ရင်
မြေပြင်ပေါ် ဆင်းသက်နားခိုရမှာပဲ...
ဒီအချိန်ထိ
ငါမင်းကို သတိရနေသလို
မင်းလဲ
အမှတ်ရအုန်းမယ် ထင်ပါတယ်...


လမ်းခွဲခြင်းမှာ
.....................
တစ်ကြိမ်တစ်ခါမှားခဲ့တဲ့အမှားကို
အကြိမ်တစ်ရာမကပြောနေမယ်ဆိုရင်
ထောင် သောင်း မကချစ်တဲ့
ငါ့အချစ်တွေကို
မင်း ဘယ်မှာသွားထားမလည်း ....
ဒီပါးစပ်ကပဲ ချစ်တယ်ပြောတယ်
ဒီပါးစပ်ကပဲ မုန်းတယ်ပြောတယ်
မင်းပြောနေကြစကား
လေပြေတွေလို့ တင်စားရင်ကော
မင်းစိတ်ဆိုးမှာလား ....
ရာသီတွေဘယ်လိုပဲ ပြောင်းပြောင်း
အချိန်တွေဘယ်လောက်ပဲ ဟောင်းဟောင်း
ငါ မင်းကိုတော့ မမေ့ပါဘူး..
ငါ မင်းကို အရမ်းချစ်တယ်...
မင်းလက်မှာဝတ်ဆင်ထားတဲ့
ပန်းနုရောင်နာရီလေးကိုလည်း
ငါ သတိရပါတယ်...


ကမ်းလွန်
............
မနက်ခင်း ရောင်ခြည်သစ်မှ
မင်းပါးနုလေးထက် နေရာင်တစ်စက်ကြခဲ့ရင်
ကို နေမင်းကို အံတုလို့ ပြာမှုန်ဘ၀ပြောင်းလိုက်မယ်..
မင်းလေးနောက် လိုက်ရှုပ်နေတဲ့သူတွေဆိုရင်
ပြောလောက်စရာမရှိဘူး
ဒီကောင်တွေလောက်တော့ အကြည့်နဲ့
သေခိုင်းလို့ရတယ်..
မင်း အပြုံးတစ်ခု ပတ်ဝန်းကျင်မှာ
လွင့်သွားခဲ့မယ်ဆိုရင်
ကို မရရအောင်ဖမ်းပြီး
ကို့ နှလုံးအိမ်ထဲမှာ သိမ်းထားပါ့မယ်..
မင်းလှမ်းတဲ့ခြေလှမ်းတိုင်းအောက်
သဲပွင့်လေးဖြစ်ချင်တယ်..
မင်းဆံနွယ်တွေ လူးလွန်းကစားတဲ့
လေပြေတွေကိုလည်း
သံစဉ်တေးသွားတွေနဲ့
ဝန်းရံခိုင်းထားပါ့မယ်...
ကိုမင်းကို တန်ဖိုးထားချစ်မိတယ်
လှိုင်း ရယ်...


အချစ်သည်
...............
အချစ်သည် စွဲလမ်းမှု့တခုရဲ့
လမ်းကြောင်းပေါ်က
ဦးနှောက်နဲ့ ဆုံးဖြတ်ရတဲ့
အတွေးတခုပါ..
ငါးမုတ်ကောင် ရဲ့ မျက်ရည်တဆက်လိုပေါ့
အချစ်ဆိုတာလဲ
နှလုံးသားရဲ့ မျက်ရည်တစက်ပါ....


အချိန်
........
မင်းဘ၀ဟာ ခေါက်ရိုးညီတဲ့လမ်းကလေးဆိုရင်
ငါ့ဘ၀က ခြေရာတွေနဲ့တူချင်တယ်
အမြဲတမ်းပေါ့....
ဘ၀ဟာ ခါးသီးတယ်လို့မပြောချင်ဘူး
အရာရာတိုင်းကို ငေးမောကြည့်နေတဲ့
လေပြေတွေလိုပဲ
အချိန်တွေ နောင်တရကုန်တဲ့အထိ
ငါမင်းကိုစောင့်နေပါ့မယ်..
ဟိုး..မိုးကုတ်စက်ဝိုင်းနားကပေါ့...


ချစ်ခဲ့တဲ့နေ့ကစ
...............................................
အိပ်လို့မရပါ..
သူ့မျက်နှာလေးပဲ
ကျွန်တော့်ကောင်းကင်ထက်မှာ
ထွန်းလင်းနေတယ် ။
မေ့လို့မရပါ..
အလွမ်းတစ်ခု
ကျွန်တော့်နှလုံးသားထဲ
အသက်သွင်းပြီးလက်ဆောင်အဖြစ်ပေးခဲ့သည် ။
သတိမေ့မတက်ပါ..
မင်းနဲ့ခွဲခွာခဲ့တဲ့အချိန်
နာရီကိုမြင်တိုင်း
မင်းမျက်နှာလေးနဲ့
မင်းစကားသံ
မျက်ရည်များနဲ့ လဲလည်ခဲ့ရပြီ ။
ဘာပဲလုပ်လုပ်..
မင်းအကြောင်း
မင်းအတွက်
ဖြစ်သင့်သည်
ဖြစ်ခဲ့သည်
မရှိခဲ့သည်
လွမ်းခဲ့သည်
ဆိုသည်သာရှိခဲ့သည် ။
အလွမ်းသီချင်းတစ်ပုဒ်နဲ့
ဆက်သွယ်ပေးခဲ့သော
မင်းအချစ်
ထာဝရစောင့်ကြိုနေမှာပါ
ချစ်သူတိုင်းလွမ်းတက်ခဲ့ရင်
ဘ၀တွေကအသက်နဲ့ရင်းခဲ့ရင်
မင်းနဲ့ငါ ပြန်ဆုံကြမယ်နော်.....။


မင်းမသိဘူး
...............
မင်းထားခဲ့တဲ့ အခိုးအငွေ့တွေ
မီးပုံရှို့ပစ်လို့ရမယ်ဆိုရင် ရှို့ ပစ်လိုက်ချင်တယ်
ငါ့လက်မခံချင်ပဲနဲ့ လက်ခံထားရတယ်
မင်းပုံရိပ်တွေ ထားခဲ့တဲ့ ငါ့မျက်ဝန်း
အသစ်ဖြစ်အောင် ဆေးကြောလို့ ရရင်
ဆေးကြောလိုက်ချင်တယ်
ဒါပေမဲ့ နှလုံးအိမ်က တားနေလို့
ထားနေရတယ်.....


အချစ်နှစ်ပတ်လည်
........................
ဆေးလိပ်ကိုအဖော်ပြုဖို့အတွက်
မီးခြစ်လိုတယ်
ဘ၀ကိုအဖော်ပြုဖို့အတွက်
ရည်ရွယ်ချက်လိုတယ်
စိတ်ဓါတ်ကိုအဖော်ပြုဖို့အတွက်
ခွန်အားလိုတယ်
အိမ်မက်ကိုအဖော်ပြုဖို့နဲ့ နှလုံးသားကိုအဖော်ပြုဖို့
ငါ့အတွက်တော့ မင်းပဲလိုတယ်...


သို့ ကောင်မလေး
....................................
မျက်နှာလေးပေါ်မှာ
သနပ်ခါးရောင်စုံခြယ်ထားတာ
လ၀န်းအနား
ကျယ်လေးတွေဝိုင်းယံထားတာထက် ပိုလှတယ်...
သူပြောတဲ့စကားသံလေးတွေနားထောင်ရတာလေ
ကျွန်တော့်ဘ၀အမောတွေ ပြေစေတယ်...
အကြည့်ချင်းဆုံမိတိုင်းလည်း
အိမ်မက်မက်နေသလိုခံစားရတယ်...
တကယ်ပြောတာပါ
အချစ်ကို တန်ဖိုးထားခဲ့သူအတွက်
အနမ်းတွင့် ပါးပြင်ပေါ်မှာ အမှတ်ရခွင့်ပြုပေးပါနော်...


င ဘ ဝ
.......................
မုန်းလိုလျှင်
ချစ်တက်၏...
စိတ်လိုလျှင်
ပြုံးတက်၏...
သစ္စာသည်
ရှုံးတက်၏...
ဝေးကွာလျှင်
မေ့တက်၏...
လေတွေသည်
ပျော့ဖတ်၏...
တိမ်တွေသည်
ငိုတက်၏...
ဂစ်တာလည်း
လွမ်းတက်၏...
နင့်သဘော
နင့်ဆန္ဒ
နင်ပျော်ရင်
ကျေနပ်၏...


`` တသသ ´´
..................
မြေပြင်တွေ ခြားနေတယ်
မင်းနဲ့ငါ အဝေးဆုံးမှာ
ဓါတ်ပုံလေးထုပ်ကြည့် လိုက်
မျက်ရည်တွေ
ပါးပြင်ပေါ်စီးတဲ့အထိ
ညတိုင်းညတိုင်း လွမ်းနေကြတယ်
မနက်ဖြန်ဆို အလုပ် လုပ်ရအုန်းမယ်
သိပ်မလွမ်းနဲ့ချစ်သူ
တချိန်မင်းနဲ့ငါ ပြန်ဆုံကြမှာပါ
ငါပို့ပေးတဲ့ သီချင်းများက
သက်သေတည်ပါတယ်
မင်းဝတ်ဆင်ပေးခဲ့တဲ့
ငါ့ပါးပြင်ပေါ်က အနမ်းတပွင့်
နေညိုချိန် လေချိုသွေးပြီး
ငါ့ရင်ခွင်ထဲမှာ မင်းပြောခဲ့တဲ့
သိပ်ချစ်တယ် ဆိုတဲ့စကား
ငါဘယ်လိုမေ့မှာတုန်း
မင်းပျော်ရွင်ချိန်
ငါ မင်းအနားမရှိပေမဲ့
မင်း ၀မ်းနည်းနေချိန်တိုင်း
မင်းအနား ငါ
အမြဲတမ်း.....
ငါလွမ်းသလို
မင်းလဲငါ့ကိုချစ်နေတယ်ဆိုတာ
ငါယုံပါတယ်...


challace me ..!
.......................
မင်းအတွက် ဖတ်လို့ကောင်းအောင်
ရေးပြထားတာမဟုတ်ဘူး...
ငါ့အတွက်
ငါ့ခံစားချက်တွေကို
ထုတ်ဖော်ပြနေတာ...
ငါ့ရေးတဲ့ကဗျာ
မင်းအတွက် heart မထိရင်
ငါမတက်နိုင်ဘူး...
မင်းမကြိုက်ရင်
နောက်ကဗျာတစ်ပုဒ်
ပြောင်းဖတ်လိုက်ပါ...
ငါ့အိမ်မက် ငါ့ခံစားချက်
မင်းအတွက် မထင်မှတ်ရင်
ငါ့နှလုံးသား ငါ့ဘ၀မှာ
မင်း မပျော်ဘူးဆိုရင်
ငါ မင်းကို ဖမ်းမထားပါဘူး...
မင် နေတက်သလိုသာနေပါ
မင်း ငါ့ကိုမကြိုက်လဲ
နောက်တစ်ယောက်ပြောင်းကြိုက်လိုက်ပေါ့
ငါ့အတွက် အချစ်ဆိုတာ
နွေးသောက်နေတဲ့ ရေနွေးတစ်ခွက်လိုပဲ
မနွေးလဲ တချိန်အေးခဲသွားမှာပါ...


made love to you
...........................
tell me
love me
however ...
miss me
give me
you'r love ...
also
take this
you'r heart ...
ask him
love me
yes or no ...


ဒါလေး
.........
ငါမြင်နေရတာလည်း ဒါ
ငါ့အိမ်မက်ထဲမှာလည်း ဒါ
ငါ့အတွေးထဲမှာလည်း ဒါ
ငါ့စိတ်ကူးထဲမှာလည်း ဒါ
အဲဒီ ဒါလေး တွေနဲ့ပဲ
ငါ့ဘ၀က ချွတ်ခြုံချ
အော်
ဒါလေးတွေ ဒါလေးတွေ
ငါ့ အားလပ်ချိန်တွေကို
အပိုင် တ၀က်စီးဖို့
သူတို့ကြံနေပြီ...


သူ သည် သာ (၂)
......................

သူ့ ၀တ်ရုံပေါ် မိုးစက်တွေကျစင်း
သူ့ ပန်းဆီရောင် နှုတ်ခမ်းက
တီးတိုးရီးရွတ်ရင်း
ထွက်ပေါ်လာတဲ့စကားသံတိုင်း
ယောကျာ်းသားတိုင်း ဂရုဏာသက်မိတယ်...
သူ့မျက်ဝန်းကြောင့်
ကြယ်စင်တွေဖြစ်ပေါ်လာတယ်...
သူ့ အပြုံးကြောင့်
ပန်းတွေပွင့်လာတယ်...
သူ့ အနားနေချင်နေတဲ့သူတိုင်း
လိုချင်တက်မက်မှု့ထက်
အိမ်မက်တွေကို အရောင်ခြယ်
အရာရာတိုင်းကို စွန့်လွတ်ခဲ့ကြတယ်...
နောက်ဆုံးတော့လည်း
မျက်ရည်တွေသာဝဲခဲ့ရ
စိတ်ဓါတ်တွေသာ ချလို့ ကျခဲ့ရ...
ယောကျာ်းသားတိုင်း
သူအလှမှာ နစ်မြောသွားခဲ့လို့
အန္တရယ်များခဲ့ကြတယ်...
သူဘယ်သူလဲ...
ငါသိချင်မိတယ်...


ကျွန်တော် ချစ်မိသူ
............................
ကျွန်တော့်စိတ် မပျော်တဲ့အခါ
သူ အနမ်းနဲ့ ချော့တက်တယ်...
ကျွန်တော့်အိမ်မက်ထဲမှာလဲ
သူအမြဲတမ်းရှိနေတယ်...
ဘယ်ကိုသွားချင်သလဲ
သူလိုက်ခဲ့ပါရစေလို့
အမြဲတမ်း ခွင့်တောင်းသံ
ကျွန်တော့်လက်ကိုဖတ်ပြီး
သူပြောတက်တယ်...
သူ့မျက်ဝန်းအောက်က
မထွက်သွားပါနဲ့လို့
သူ့စာတိုင်းမှာ ဖတ်ခဲ့ရတယ်...
ကျွန်တော့်ရင်ခွင့်မှာ
ဖတ်တွယ်ရင်း
ခဏတာ မှေးဆက်ခွင့်
သူအကြိမ်ကြိမ်တောင်းခဲ့တယ်...
ဒါပေမဲ့
ကျွန်တော် မပေးခဲ့မိဘူး...
သူထွက်ခွါသွားလိမ့်မယ်လို့
ကျွန်တော် ဘယ်တုန်းကမှ
မတွေးခဲ့ဘူး မတွေးမိခဲ့ဘူး...
သူနဲ့နောက်ဆုံးတွေ့တဲ့အချိန်
သူကျွန်တော်ကိုစကားတစ်ခွန်း
ပြောပြသွားခဲ့တယ်...
ပြန်ဆုံချိန်ရှိမှ
ရင်ခုန်သံကိုနားစဉ်ပါတော့ကွယ်...


စက်ဝိုင်းလေးများ အကြောင်း
.........................................
သူ့လက်ဖ၀ါးနုထက်
ကျွန်တော့် နှလုံးသားက
ဖူးပွင့်တဲ့ ပန်း
လွတ်လပ်စွာ ပွင့်စေချင်တယ်...
စာနာတက်တဲ့ နှလုံးသား
ကြယ်စင် မျက်ဝန်းတွေနဲ့သူ
မေ့ဖို့ကြိုးစားရင်
ကျွန်တော် မေ့ရန်ခက်နေတယ်...


ရှေးအိမ်မက်
...............................
တချိန်ချိန်မှာ
မင်းနဲ့တွေ့ဆုံခွင့်
ငါမျှော်လင့်ရင်း
စောင့်ကြိုနေမယ်...
တစ်ခုတော့
တောင်ဆိုးထားချင်တယ်
ခုချိန်ထဲက လွမ်းနေတယ်


မုန်းတယ်
.............................
တယ်လီဖုန်းကို တီထွင်ခဲ့တဲ့
ဂရေဟမ်ကိုလဲ မုန်းတယ်..
လမ်းထိပ်က အကြွေးမရောင်းတဲ့
အကြော်သည်ကိုလဲ မုန်းတယ်..
ကွန်ပျူတာကို တီထွင်ခဲ့တဲ့
လူတွေကိုလည်း မုန်းတယ်..
ငါ့အချစ်ကို ရောင်းစားသွားတဲ့
မင်းလေးကိုလဲ မုန်းတယ်..
ပြန်လာမယ် ပုံပြောသွားတယ်
ဘက်စ်ကားကိုလဲမုန်းတယ်..
မုန်းတယ် မုန်းတယ် မုန်းတယ်..
ငါ့ကဗျာတိုင်း လိုက်ဖတ်ကြတယ်
လူတွေကိုလဲ မုန်းတယ်ကွာ...


အိမ်မက် အဟောင်း
.............................
ပန်းတော့ ပန်းပွင့်
ဒါပေမဲ့
ငါ့အတွက်ဆိုရင်
ထိုပန်းသည် အစိပ်သင့်
ငါ
ခြူရန်ခက် ယူရန်ခက်...
လမ်းတော့ လမ်းပါပဲ
ဒါပေမဲ့
ထိုလမ်းသည်
ငါ့အတွက်ဆိုလျှင်
စူးခြောက်ပြည့် သားကောင်ပြည့်
ငါ
သွားရန်ခက် ဖြတ်ရန်ခက်...
လှတော့ လှပ ပါတယ်
ဒါပေမဲ့
ထိုအလှသည်
ငါ့အတွက်ဆိုလျှင်
မျှော်ရန်ခက် ကြည့်ရန်ခက်...
အရာရာ ခက်ခဲကြမ်းတမ်းလွန်းတဲ့
ငါ့ဘဝ
တခါတရံ နှလုံးသားတောင်
အသက်ရှူရန်ပင် ခက်...
အော်
ခက်ညိုးဆွေ ရယ်
မင်းထားခဲ့တဲ့ ဘ၀တစ်ခု
မင်းမရှိလဲ မင်းနာမည်နာမတွေက
ငါ့ကို ၀န်းရံနေတုန်းပါပဲလားကွယ်...


One upon a time
.....................................
what is the ငါ့ဘဝ
Dream in the ညက
Come here တဲ့ ငါ့ကို
Calling a မိန်းမ
I go to သူ့အနား
Close ခိုင်းတယ် မျက်စိ
She kiss the ငါ့ပါး
တကယ်ပြောတာပါဟာ
အဲဒီအချိန် ငါနင့်ကိုအရမ်းသတိရတယ်....
Drop is a မိုးပေါက်
Falling my အိမ်ခေါင်မိုး
Therefore
I'm a လန့်နိုး
I thought that မနက်ကိုး ....
တကယ်ပြောတာပါ
ငါနင့်ကလွဲ တခြားဘယ်သူမှမရှိပါဘူး
ငါနင့်ကိုပဲ ချစ်တယ်ဟာ....


ချစ်တွက် မုန့်လုံး
...................................
သံယောဇဉ်
စကားချိုတဲ့ ပျို
အော့် မောင့်အနား
ထားချင်ရက်ဆို
မင်းကြိုက်တဲ့
ရွှေမုန့်လုံးကို
အမောင်လုပ်ကာ ပေးပါ့မယ်ခင့်
အိုး အနားတော့ မလာလေနှင့် ပျို
မီးပူတွေ ဟပ်ပါ့မယ်ခင့်
အေးအေးချမ်း ပျော်ရွင်လန်းအောင်
မောင် အစဉ်လုပ်ထားပေးတယ်
မောင့် နားမှာလာထိုင်
မောင့် မုန့်ကိုကိုင်
စား...
ဖို့အတွက် လာလေတော့ကွယ့် ပျို....


နောက်တစ်ယောက်နဲ့တွေ့မှ နောက်တစ်ခေါက်ပြောမယ်
......................................................................
အရင်တုန်းက
ငါ့နှလုံးသားကို ဓါတ်ပုံရိုက်တိုင်း
မင်းပုံရိပ်တွေပဲ ပေါ်လာလိမ့်မယ်...
ဒီအချိန်မှာတော့
မင်းထားမယ်ဆိုရင်
Colar ထဲ ရေထည့်သောက်ရသလိုမျိုး
အချိုနည်းနည်းပေါ့သွားယုံကလွဲ
တခြားက ဘာမှမရှိ....
ပီတိတွေဖြာ
ကောင်းကင်ပေါ်မှာပျော်ခဲ့ဘူးတဲ့
ငါတို့နှစ်ယောက်ရဲ့ အိမ်မက်
နင်အရင်စ ဖြတ်ခဲ့တော့
ငါရိုက်ချိုး မီးရှို့ပစ်လိုက်ပြီ..
နောက်ထပ်လည်း မလွမ်း
နောက်ထပ်လည်း သတိမရဘူး
နောက်တစ်ယောက်တွေ့ခဲ့ရင်တောင်
မင်းနဲ့နှိုင်းပြီး
နောက်တစ်ခေါက်
ယောင်လို့တောင် မတမ်းတစေရဘူး...


သိပ်ချစ်တာသူသိပါစေ
..................................
အလွမ်းတွေကတော့
သူ့ဘာသာ စီးချက်ညီညီကခုန်နေကြတယ်...
အနမ်းတွေနဲ့ စိုက်ပျိုးခဲ့တဲ့ပန်း
သတိရတိုင်း ထုတ်ကြည့်မိတယ်...
စိတ်ထဲမှာ
ဘားမှကိုမရှိတော့ဘူး...
နေကွယ်ရာမှာ သိမ်းထားခဲ့တဲ့
မချစ်ဘူးဆိုတဲ့စကား
သူ့နှုတ်က ထွက်မကျခင်
ငါမီးရှို့ပစ်လိုက်တယ်...
မလွမ်းရဲတော့ဘူး ချစ်ခဲ့ရသူ...
ပျော်သလိုသာ လုပ်ပါတော့
သူငယ်ချင်းဆိုတဲ့
အဖြည့်ခံဘ၀ကပဲ
ငါနင့်ကို စောင့်ကြိုနေပါတယ်...
ပြန်လာမယ်ဆိုတဲ့စကား
ငါ့နားထဲ မကြားပါရစေနဲ့တော့...
ချစ်လွန်းခဲ့တော့လဲ
ချစ်မေ့ခဲ့ပါ့မယ်...


သူ သည် သာ
.......................
သူ့ ပြောစကားတွေထဲ
မျှော်လင့်ချက်တွေပါတယ်...
သူ့ အကြည့်တွေကလည်း
လွမ်းနုရောင်တွေသန်းတယ်...
သျှားမီးလို တမြေ့မြေ့လောင်ကျွမ်းတက်တဲ့
သူ့အပြုံးတွေထဲမှာတော့
မာယာလေးတွေကို လွန်းတင်ထားတယ်...
ပန်းဆီရောင်ကို သူကြိုက်တယ်...
သူ့ အချစ်ကို တမ်းတသူတိုင်း
ကျောက်စက်တွေကြား
အလွမ်းတွေကို မော့သောက်ရသလို
ဒူထောက် ခေါင်းမော့ထားရတယ်...
ဒီလိုမိန်းကလေးမျိုးနဲ့
ပက်သက်ခွင့် ရှိခဲ့ဘူးတယ်...
ဒါပေမဲ့
ခံရခက်တဲ့ဝေဒနာကို ဇာတ်ရှိန်ဆွဲထားရသလိုပဲ
သူ့မျက်နှာမြင်တိုင်း
နှလုံးသားမှာ ငွေ့မျက်ရည်သန်းတယ်...


အပြုံးများနှင့် နားစဉ်ပါ
................................
ငါ့နှလုံးသားကို
ဒါဏ်ရာရအောင် လုပ်တဲ့
ကျန်ရာပါချစ်သူ
မင်းငါ့ကို
အပစ်မရှိ အပစ်ရှာထားခဲ့ပေမဲ့
ငါမင်းကိုချစ်မိလို့
အသစ်မရှာချင်တော့ဘူး...


ကျွန်တော့်ကိုချစ်ပါ
.........................................
ပြန်လာမယ် ပြောသူကို
မျှော်ရတာ ခက်တယ်
လွမ်းလွန်းတဲ့မျက်ရည်
သုတ်ဖို့ကမလွယ်
ထာဝစဉ် ရင်မှာ
မင်းတစ်ယောက်ထဲ
ချစ်မိလေတော့
ခက်ပြန်တယ်..
အမြန်ပြန်လာပါချစ်သူရယ်..
အနမ်းဆင့် တဲ့
ချစ်ခြင်းစကား
အင်းယားလိပ်မှာပြောချင်တယ်..
ကန်ဘောင်မှာ အကြော်အတူစား
အလွမ်းကဗျာတွေလည်း ရွတ်ချင်တယ်..
နောင်သံသယာ တည်နေသဂ်ျ
မင်းရင်မှာပဲနေချင်တယ်...
ယုံလွယ်ပေးပါချစ်သူရယ်
ဖြူစင်လွန်းတဲ့မောင့်အချစ်
ပုံပြင်လေးပါကွယ်........


တိမ်လွှာ မို့မို့လွင်
.........................
ရွာမလိုလို
တိမ်ညိုတွေဆိုင်း
မိုးဖွဲနဲ့ဆင်းသက်
စိတ်ပျော်တော့လဲ သူ...
စိတ်ဆိုးလွယ်တာလဲ သူ... ။
လေဟုန်ပါမြောလိုက်
မြေပြင်မှာဆော့လိုက်
ရောက်လာတော့လဲ သူ...
ပြန်သွားတော့လဲ သူ... ။
နေညိုချိန်ခြားခိုက်
ထစ်ချုန်းသံကြားလိုက်
နေ့မှာတော့လဲ သူ...
ညမှာလာလဲ သူ... ။
အော် .. မိုး မိုး
ငါ သတိရမိတဲ့ ချစ်သူသက်ထား
မင်းလဲ တိမ်လွှာမိုးဖွဲ လေးလိုလား... ။